မုဒုံ သြဂုတ် ၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးရာသီကာလ၌ သဘာဝရေဘေးအန္တရာယ် ဖြစ်ပေါ်ပါက သဘာဝရေပြင်တွင် ကူညီကယ်ဆယ်ရန် လက်တွေ့ သင်ကြားမှု ကို ယနေ့ နေ့လယ်(၁၁) နာရီက မုဒုံမြို့နယ် ကန်ကြီးကန်တွင်အရှိန်ဟုန်မြှင့် လက်တွေ့သင်ကြားပြသကြောင်း သိရသည်။
ထိုသို့သင်ကြားပြသရာတွင် မုဒုံမြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်ဦးကသဘာဝရေဘေး အန္တရာယ်ကြုံတွေ့ပါက လျှင်မြန်စွာ တုန့်ပြန်ဆောင်ရွက်မည့် အစီအမံများတို့ကို လည်းကောင်း၊ ကယ်ဆယ်ရေးစက်လှေများစမ်းသပ်မောင်းနှင်းခြင်းတို့ကိုလည်းကောင်း၊ ရေဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများဖြစ်သည့် ဘောကွင်း (တာယာကွင်း) ဖြင့် ကယ်ဆယ်နည်း၊ လက်ပစ်ကူးသယ်ဆောင်ကူညီနည်းနှင့် တုတ်ဖြင့်ကူညီကယ်ဆယ်ခြင်း တို့ကို လည်းကောင်း၊ ရေပြင်သက်ကယ် ရှာဖွေရေး၊ ရေကူးကျွမ်းကျင်ရေးတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ တို့ကို သရုပ်ပြလက်တွေ့သင်ကြားပြသခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ(မုဒုံ)