ကျိုက်မရော မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (TALK SHOW) ပြုလုပ်

ကျိုက်မရော      ဒီဇင်ဘာ    ၂၅

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပြုလုပ်ခဲ့သည်။

အဆိုပါ (Talk- Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီအသင်းမှ ဒုတိယမြို့နယ် တပ်ဖွဲ့မှူး ဦးမျိုးမင်းဦးက မသန်စွမ်းသူ၏ အဓိပ္ပာယ်၊ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် မသန်စွမ်းသူများ အတွက် အကာအကွယ်ပေးရေး မသန်စွမ်းသူများ၏ အနာဂတ်လှပရေးအတွက် ဝိုင်းဝန်းကူညီ စောင့်ရှောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက်မသန်စွမ်းသူများအား လူမှုပတ်ဝန်းကျင်တွင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမပြုရေး၊ မသန်စွမ်းသူများ၏ ကိုယ်ပိုင် အခွင့်အရေးနှင့် အမှီအခိုကင်းစွာ နေထိုင်နိုင်ရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်ဂုဏ်သိက္ခာကိုအလေးထားပေးရန် ခွဲခြားဆက်ဆံခြင်း မပြုရန်၊ တန်းတူအခွင့်အရေးပေးရန်တို့ကိုဆွေး နွေးခဲ့ကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး(  ပြန်/ဆက်)