ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီသို့ ဗုဒ္ဓအလင်းရောင် ပါရမီဖြည့်အသင်း (စင်္ကာပူ-မြန်မာ)မှ PPE အစုံ (၂၀)နှင့် ရေသန့် (၁၂၃)ကတ် လှူဒါန်း

မင်္ဂလာဒုံ       ဒီဇင်ဘာ   ၂၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပညာရေးစီမံခန့်ခွဲရေး သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီသို့ ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဗုဒ္ဓအလင်းရောင်ပါရမီ ဖြည့်အသင်း (စင်္ကာပူ-မြန်မာ)မှ PPEဝတ်စုံ (၂၀)နှင့် ရေသန့် (၁၂၃)ကတ်ကို သဒ္ဒါတရားထက်သန်စွာဖြင့် ယနေ့ နံနက်က လာရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် စေတနာထက်သန်စွာဖြင့် ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊စေတနာ့ဝန်ထမ်းများ အသုံးပြုရန်နှင့် သောက်သုံးရန် လှူဒါန်းကြောင်း သိရသည်။

လှူဒါန်းမှုတို့ကို ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအေးသွင်က လက်ခံယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ  ပြန်လည်ပေးအပ်ခဲ့သည်။

မျိုးသန့်(ပြန်/ဆက်)