ကန်ဘဲ့-ဗောင်းတော်ချုပ်မြေသားလမ်းပိုင်း ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းဆောင်ရွက်

တွံတေး  ဒီဇင်ဘာ ၂၅

ကျေးလက်နေပြည်သူများ ကျေးရွာတစ်ရွာနှင့်တစ်ရွာ သွားလာရာတွင် အခက်အခဲ မဖြစ်ပေါ်စေရေး ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်းခင်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကန်ဘဲ့ကျေးရွာဘုရားလမ်းနှင့် ဗောင်းတော်ချုပ် ဘုရားလမ်းတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ယမန်နေ့ နံနက်ပိုင်းကအဆိုပါလမ်းပိုင်းအား ကွန်ကရစ်လမ်း အဆင့်မြှင့် တင်ရေး လမ်းအကျယ်နှင့်အရှည်ပေအား ပန္နက်တင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါကွန်ကရစ်လမ်း ပန္နက်တင်ခြင်းအခမ်းအနားတွင် တွံတေးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ကျေးရွာချင်းဆက် မြေသားလမ်း ဟောင်းကို ဒေသခံပြည်သူနှင့် ဘုရားဖူးပြည်သူများ သွားလာရအဆင်ပြေစေရေးအတွက် ကွန်ကရစ်လမ်းအဆင့်မြှင့် ဆောင်ရွက် မှုအား ရှင်းလင်းပြောကြားခဲ့ကာ ကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့် ကကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ကွန်ကရစ်လမ်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက်ကန်ဘဲ့ဘုရားလမ်းနှင့် ဗောင်းတော်ချုပ်ဘုရားလမ်းတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းကို တက်ရောက် လာသူများက သတ်မှတ်နေရာများတွင် ပန္နက်တင်ကြသည်။ ယင်းလမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ်(၃၇၉)သန်းဖြင့် အရှည်(၁)မိုင်၊ အကျယ်(၁၂)ပေ၊ ထု(၇)လက်မ ဖြစ်ကြောင်းသိရသည်။ ယင်းကျေးရွာချင်းဆက်လမ်းပိုင်း ပြီးစီးသွာပါက ဘုရားဖူးလာ ပြည်သူများနှင့် ဒေသခံပြည်သူများ အလွယ်တကူ သွားလာနိုင်သည့်အပြင် ဒေသထွတ်ကုန်များပါ ကျေးရွာကုန်ထုတ်လမ်းအဖြစ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)