ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ကျရောက် လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေး ညီစနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ပုံနည်းလမ်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အပတ်စဉ်လေ့ကျင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရှာဖွေကူညီကယ်ဆယ်ရေးဆောင်ရွက်ပုံနည်းလမ်းများ လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်၊ ဒုတိယဦးစီးမှူးဦးမျိုးနိုင်ဦးနှင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးအုန်းဝင်းတို့က ခေတ်မီရှာဖွေ ကယ်ဆယ် ရေးလုပ်ငန်း သုံးဆက်စပ်ပစ္စည်း များဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးဆောင်ရွက်ပုံနည်းလမ်းများအား အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
“ရှာဖွေကူညီကယ်ဆယ်ရေးဆိုင်ရာ နည်းစနစ်တွေကို များများလေ့ကျင့်ထားမှသာ မီးသတ် တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ကိုယ်တိုင် ကျွမ်းကျင်ယုံကြည်မှုတွေရရှိလာပြီး သဘာဝဘေးအပါအဝင် မတော်တဆထိခိုက်မှုဖြစ်စဉ်တွေကို အချိန်တိုအတွင်းမှာ ထိခိုက်မှု အနည်းဆုံးနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး မြို့နယ်အတွင်းမှာ အရေးပေါ် ကယ်ဆယ်ခြင်းနှင့်ပြုစုစောင့်ရှောက်နိုင်ဖို့အတွက်လည်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် သန္ဓေနှင့် အရန်မီးသတ် အင်အား တပ်စုတစ်စုစာကိုလည်း အသင့်စုဖွဲ့စည်းထားရှိပြီးတော့ အချိန်နှင့်တစ်ပြေးညီချက် ချင်းထွက်ခွာ နိုင်အောင်လည်း လက်ရှိအချိန်မှာ ပြင်ဆင်ဆောင်ရွက် ထားရှိပါတယ်” ဟု မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်က ရှင်းပြသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)