ရွှေတောင် ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိသော စပါးခင်းများ ရိတ်သိမ်းလျက် ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ် မိုးစပါးအနေဖြင့် စိုက်ပျိုးထားသော စပါးမျိုးများမှာ မှော်ဘီ-၂၊ ရတနာတိုး၊ အင်းမရဲဘော်၊ ရက် ၉၀ စပါးမျိုးများဖြစ်ပြီး အများဆုံးစိုက်ပျိုးသော စပါးမှာမှော်ဘီ(၂)စပါးမျိုး ဖြစ်ပြီး တစ်ဧကကို စပါးတင်း (၈၀)ကျော်ထွက်ရှိပြီး လက်ရှိ စပါးပေါက်စျေးမှာ ခုနှစ်သိန်း ကိုးသောင်းစျေးခန့် ရောင်းရပြီး ယခင်နှစ်ကထက် စပါးစျေးကောင်းမွန်ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ယခုနှစ်မိုးစပါးဧက (၅၈၀၀၀) ခန့် စိုက်ပျိုးထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)