ဒိုက်ဦးမြို့နယ်မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

ဒိုက်ဦး  ဒီဇင်ဘာ ၂၅

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့ညနေ(၅)နာရီအချိန်ခန့်က ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်၊ မကျည်းတန်းလမ်းတွင်ဖြစ်ပွားခဲ့သော မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာလ(၂၃)ရက်နေ့ ည(၁၂:၁၅)နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်၊ မကျည်းတန်းလမ်းရှိ ဦးမျိုးမင်းထွန်း၏ နေအိမ်နှင့်ကပ်လျှက်ရပ်ထားသော ဦးမိုးဝင်းထွန်းပိုင် New Holland အမျိုးအစား လယ်ထွန်စက် ဘတ္ထရီရှော့ခ်ဖြစ်ပြီး မီးလောင်ရာမှ ဦးမျိုးမင်းထွန်းနှင့် ဦးမိုးဝင်းထွန်းတို့၏ နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါမီးဘေးသင့် ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄)သိန်းကျပ်၊ လူဦးရေ(၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက် စာဖိုးထောက်ပံ့ငွေ (၁၈၉၀ဝိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၄၁၈,၉၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး (၂)အိမ်ထောင်စာ တို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ချမ်းငြိမ်းသူနှင့်ဝန်ထမ်းများ၊ ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှဒုတိယဦးစီးမှူး ဦးဖြိုးဝေအောင်တို့က မီးဘေးသင့် ပြည်သူ များထံသို့ လက်ဝယ်အရောက်  သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်(ဒိုက်ဦး)