ကိုရီယားသမ္မတနိုင်ငံသမ္မတရုံး၏ စီးပွားရေးအကြံပေး New Southern Policy ကော်မရှင်ဥက္ကဋ္ဌ Mr. Park Bokyeong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကိုရီယား-မြန်မာချစ်ကြည်ရေး ဒလတံတားသို့ သွားရောက်ကြည့်ရှုလေ့လာ

ရန်ကုန်  ဒီဇင်ဘာ ၂၅

ကိုရီယားသမ္မတနိုင်ငံသမ္မတရုံး၏ စီးပွားရေးအကြံပေး New Southern Policy ကော်မရှင်ဥက္ကဋ္ဌ  Mr. Park Bokyeong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကာ တံတားတည်ဆောက်နေမှု အခြေအနေများကို သက်ဆိုင်ရာ တံတားတည်ဆောက်နေသည့် ကိုရီယားနိုင်ငံမှ ဆောက်လုပ်ရေးပညာရှင်များ၊ မြန်မာနိုင်ငံမှဆောက်လုပ်ရေးပညာရှင်များနှင့်တွေ့ဆုံကာ တံတား တည်ဆောက်နေမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကိုရီယားသမ္မတနိုင်ငံသမ္မတရုံး၏ စီးပွားရေးအကြံပေး  New Southern Policy ကော်မရှင်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ၊ သံအမတ်ကြီး HE. Mr. Lee Sang hwa နှင့် သံရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် ကိုရီးယားမြန်မာချစ်ကြည်ရေး ဒလတံတားတည်ဆောင်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကာ တံတားတည်ဆောက်နေမှု အခြေအနေများကို အသေးစိတ်သွားရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)