သံဖြူဇရပ် ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် မိခင်ကြီး ဒေါ်ခင်မာကြည်အား အမှူးထား၍ ရန်ကုန်မြို့နေ ဗိုလ်မှူးသိန်းဖေ(ငြိမ်း)၊ ဒေါ်ယဉ်ချောဖြူ၊ သမီး မခင်စံပယ်ဖြူသိန်း(တော်ဝင်ဖြူကုမ္ပဏီ)မိသားစုမှ လျှပ်စစ်ခွဲစိတ်ဓားနှင့်သွေးကြောချည်ကရိယာ(Diathamy)တစ်လုံး၊ အရေးပေါ် လူနာ၏ ကျန်းမာရေး အခြေအနေ စောင့်ကြပ်ကြည့်ရှုသည့်စက် (Patient Monitor)တစ်လုံး၊ ECG စက်တစ်လုံးနှင့် လေစုပ်သားဖွားကရိယာ (Electric Vaccum Extractor)စက်တစ်လုံး စုစုပေါင်း ငွေကျပ်သိန်း(၁၁၀)ကျော် တန်ဘိုး ရှိဆေးရုံသုံးပစ္စည်းများအား လှူဒါန်းရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်နှင့် မြို့နယ်ကျန်းမာရေး အထောက်အကူပြု ကော်မတီဝင်များမှ လက်ခံရယူခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)