ဒဂုံတောင် ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီးရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၅၅)ရပ်ကွက် ဗြဟ္မစိုရ်လမ်းနှင့် ဂရုဏာ(၃)လမ်းထောင့်တွင် ယနေ့နံနက် ၉ အချိန်ခန့်က မီးပလပ်တပ်ရာမှ မီးလောင်မှုဖြစ်ပွားသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်တပ်ဖွဲ့မှ ငြှိမ်းသတ်ရာ ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ အမှတ်(၅၅) ရပ်ကွက် ဗြဟ္မစိုရ်လမ်းနှင့်ဂရုဏာ(၃)လမ်းထောင့်ရှိ ဦးတင်အောင်၏(၁၀ပေ)နေအိမ်တွင် မီးပလပ်ထိုးရာမှတစ်ဆင့် ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာ မီးလောင်ရာနေအိမ်နှင့် ကပ်လျှက်ရှိ ဦးအောင်သန်း၏(၁၀ပေ) အိမ် (၁)လုံးအပါအဝင် နေအိမ်(၂) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မောင်လူမင်း(၁၂)နှစ် (ဆွံ့အ) ထွက်ပြေးစဉ် မီးဟပ်ခံခဲ့ရသဖြင့် ဝဲဘက်ပါးနှင့်လက်တို့တွင်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး အခြား လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
မီးလောင်ကျွမ်းရာနေရာသို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ် စည်ပင်ဥက္ကဋ္ဌ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး မြို့နယ်မီးသတ် ဦးစီးမှူးတို့မှ သွားရောက်ကြီးကြပ်၍ မီးဟပ်ခံရသည့် ကလေး (ဆွံ့အ)အား စံပြဆေးရုံသို့ ပို့ဆောင်ပေးပြီး မီးဘေးသင့်အိမ်ထောင်စု(၂)စု ကျား (၁၀)မ(၄) ပေါင်း (၁၄) ယောက်တို့အား အမှတ်(၅၅) ရပ် ကွက် ယုယဓမ္မာရုံတွင် ယာယီရွှေ့ပြောင်းထားမည်ဖြစ်ကြာင်း သိရသည်။
သက်မင်းဟန်(ဒဂုံတောင်)