ထီးချိုင့်မြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ထီးချိုင့်  ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ကျေးလက် ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ စတင်ဆောက်လုပ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဟန်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးနှင့် ဝန်ထမ်းများ၊ တာဝန်ယူတည်ဆောက်ရန်တင်ဒါအောင် ''YMC Company'' မှတာဝန်ရှိသူများမှ ကြက်တကောင်-မအူကုန်းကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း (၇၀)ပေကို ခွင့်ပြုငွေကျပ် ( ၁၂၆.၁၀ ) သန်းဖြင့် လုပ်ငန်းစတင် ဆောင်ရွက် နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

ရဲလင်းထွန်း (ထီးချိုင့် )