ကျိုက်မရော ဒီဇင်ဘာ ၂ ၅
ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာအုပ်စုရှိ ဖရဲဖာထော် အခြေခံပညာမူလတန်း နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကျိုက်မရောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးတို့က ကျောင်းဆောင်သစ် ပြီးစီးမှုအား ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မူလတန်းကျောင်းဆောင်သစ်အား (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်အတွင်းပညာရေး ဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၀၀. ၈)သန်းဖြင့် ကျော်သမာဓိကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျား(၇၀ ပေ × အနံ ၃၀ ပေ) အာစီ နှစ်ထပ် ကျောင်းဆောင်သစ်ဖြစ်၍ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ရာ အဆိုပါ ကျောင်းဆောင်သစ်အား စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်ထားခြင်းရှိ/မရှိကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကိုဖြည့်စွက် မှားကြားခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးထံမှ သတင်းရရှိသည်။
ချိုချို(ပြန်/ဆက်)