လက်ပံတန်း ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် အထောက်ကူပြုစေရန်အတွက် နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ကို ယနေ့နံနက် တွင် လက်ပံတန်းမြို့နယ် ကျွန်းကလေးတာဆုံ ရဲကင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Mask Campaign ကို လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးမင်းညိုနှင့် တပ်ဖွဲ့ဝင်များ၊ ကျွန်းကလေးမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲနိုင်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ လက်ပံတန်းလူမှု ကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ လူငယ်ရေးရာ ကော်မတီဝင်များ၊ ကျွန်းကလေးကျေးရွာအုပ်စုမှ ကျန်းမာရေးဝန်ထမ်းများက ခရီးသွားပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်းနှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် သွားလာရန်နှင့် နှာခေါင်းစည်းမတပ်ဆင်သူများကို သတိပေးခြင်း၊ ပညာပေးဆွေးနွေး၍ ပြည်သူများအားလုံး ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အတူတကွပူးပေါင်းပါဝင်စေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
Mask Campaign တွင် Mask(၅၀)ပါသော Mask (၁၅)ဘူးအား ခရီးသွားပြည်သူများသို့ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်မှုအနေဖြင့် အခမဲ့ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဝင့်နန္ဒာဌေး