ကဝမြို့နယ်တွင် ကျေးရွာဖွံ့ ဖြိုးရေးစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ကဝ ဒီဇင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့က သက္ကလအသင်း ကျေးရွာအုပ်စု၊ အောင်နိုင်လေး ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော်က VDP စီမံကိန်းအကြောင်း ရှင်းလင်းခြင်း၊ ကျေးရွာစိတ်ဓာတ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ကျေးလက်နေပြည်သူများ၏ ရပိုင်ခွင့်များ၊ ကျေးလက် နေပြည်သူများ၏ တာဝန်များအား ချပြရှင်းလင်းခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျေးလက်နေပြည်သူများ၊ စိုက်ပျိုးမွေးမြူရေးအဖွဲ့တို့က ဆောင်ရွက်မည့်လုပ်ငန်း များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)