ရေတာရှည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့် တာဝန်ရှိသူများ အမှတ်(၆)သကြားစက်ရုံတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော စည်းကမ်းချက်များကိုတိကျစွာ လိုက်နာဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

ရေတာရှည်   ဒီဇင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ အမှတ်(၆)သကြားစက်ရုံတွင်  ကျန်းမာရေးဝန်ကြီးဌာနမှ  ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရေးအတွက် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်၊ စက်ရုံမှူး ဦးစိန်လှိုင်၊ လက်ထောက်စက်ရုံးမှူး ဦးတင်ဌေးနှင့် တာဝန်ရှိသူများသည် သကြားစက်ရုံရှိ ကြံတင်ယာဉ်မောင်းများအနေဖြင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်မှုနှင့် စက်ရုံအတွင်းရှိ ဝန်ထမ်းများအတွက် ကျန်းမာရေး သက်ဆိုင်သော အကာအကွယ် ဆောင်ရွက် ထားမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။

အမှတ်(၆)သကြားစက်ရုံမှ ယခုနှစ်ကြံရာသီတွင် လည်ပတ်ချိန်ကာလ တစ်လတာအတွင်း ကြံ တန်ချိန် ၄ သောင်းဝန်းကျင်သာ ဝယ်ယူသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် တစ်ရက် ကြံတန်ချိန် ၁၄၀၀ ဝန်းကျင် ကြိတ်ဝါးလျက်ရှိပြီး ကြံတစ်တန်လျင် စက်ရုံအရောက် စျေး ၄၂၀၀၀ ကျပ်ဖြင့်ဝယ်ယူကြောင်း သိရသည်။     

ဆု(ပြန်/ဆက်)