လှိုင်းဘွဲ ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ဥဒေါင်းကျေးရွာအုပ်စု ဥဒေါင်းကျေးရွာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားကို ဥဒေါင်းကျောင်းဆရာတော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုနှင့် ကိုယ်စားလှယ် ဒေါ်ဖြူစင်အိတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် (အရှည် ၁၆၀၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ)ဖြစ်ပြီး လူထုဗဟိုပြု စီမံကိန်းမှထောက်ပံ့ငွေ ၁၈,၀၀၀,၀၀၀ကျပ်ဖြင့် ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင်ပြီးစီးပြီးဖြစ်၍ ဥဒေါင်း ကျေးရွာမှ အိမ်ထောင်စု (၂၀၂)စု၊ လူဦးရေ (၁၁၉၇)ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေး အဆင်ပြေလာပြီးဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)