လှိုင်းဘွဲ ဒီဇင်ဘာ ၂၆
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင်သမိုကျေးရွာအုပ်စု ဝေါကျယ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း(၅၂၈၀ ပေ) နှင့်ရေလှောင်ကန်(အလျား ၁၂ပေ x အနံ ၁၀ပေ x အမြင့် ၅ပေ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ၁၂,၀၀၀,၀၀၀ကျပ်ဖြင့် စတင် အကောင်ထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ကြောင်းသိရသည်။
အဆိုပါ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ရေလှောင်ကန်ဆောက်လုပ်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဦးမျိုးကိုကို၊ လူထုစည်းရုံးရေးမှူး စောကျော်နိုင်တို့မှ အနီးကပ်ကြီးကြပ်မှု၊ ပြည်နယ်အင်ဂျင်နီယာအကြံပေးဦးအောင်ကျော်ဇံ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူ လူထုတို့၏ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၁၀၀%ပြီးစီးပါက ဝေါကျယ်ကျေးရွာမှ အိမ်ထောင်စု(၃၃)စု လူဦးရေ (၁၉၅)ဦးတို့၏ သောက်ရေ/သုံးရေများ အဆင်ပြေလာမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)