လှိုင်းဘွဲမြို့နယ်တွင် ဦးခေါင်းပိုင်းရောဂါ ခံစားနေရသော ကလေးငယ်အား ဒုတိယအကြိမ် ထောက်ပံ့ငွေများ သွားရောက်လှူဒါန်း

လှိုင်းဘွဲ ဒီဇင်ဘာ ၂၆

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြလေးကျေးရွာအုပ်စု အလန်းကြီးကျေးရွာ ဦးကာတွန်းနေအိမ်ရှိ ဦးခေါင်းပိုင်းရောဂါ ခံစားနေရသော ကလေးငယ်အတွက် အလှူရှင်များမှ လှူဒါန်းသော ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဦးခေါင်းရောဂါ ခံစားနေရသော ကလေးငယ် မောင်လာဖောင်ထွဋ်သည် မွေးဖွားပြီး (၃)လ၊(၄)လ အရွယ်တွင် ဦးခေါင်းပိုင်းသည် တဖြည်းဖြည်းကြီးမားလာပြီး ဦးခေါင်းကြီးဝေဒနာကို ခံစားနေရကာ ကလေးငယ်အတွက် အလှူရှင်များမှ လှူဒါန်းသော လှူဒါန်းငွေ (၆၀၅၀၀၀)ကျပ်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်တို့က ဒုတိယအကြိမ် သွားရောက်လှူဒါန်းပေးခဲ့ပြီး ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူရန် လှိုင်းဘွဲမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ မော်တော်ယာဉ်ဖြင့် စစ်တောင်းတံတားထိပ်သို့ သွားရောက်ပို့ဆောင်ပြီး စစ်တောင်း တံတားမှ ရန်ကုန်မြို့ ဝေဠုကျော်ဖော်ဒေးရှင်း မောင်တော်ယာဉ်သို့ လွှဲပြောင်း၍ ဆေးကုသမှုခံယူ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)