ချောင်းဦးမြို့နယ်တွင် ဆောင်းသီးနှံ စိုက်ခင်းများ ပိုးမွှားရောဂါကျရောက်မှု နည်းပါးစေရန်နှင့် သီးနှံ အထွက်တိုး စေရန်အတွက် ကွင်းဆင်း ပညာပေး ဆောင်ရွက်

ချောင်းဦး ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေး စင်တာ ဧရိယာ အတွင်းရှိ  ဆောင်းသီးနှံစိုက်ခင်းများ ပိုးမွှားရောဂါ ကျရောက်မှု့အခြေအနေအား သိရှိရန်နှင့် သီးနှံအထွက်တိုးစေရန် ယနေ့နံနက် ၉ နာရီ အချိန်က ခင်မွန်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဘူတာကျေးရွာ၊ ချောင်းဦးတောင် ၊ ချောင်းဦးမြောက် နှင့် ရန်အောင်မြေကျေးရွာများကို စခန်းတာဝန်ခံ နှင့်ကွင်းဆင်းပညာပေး ဝန်ထမ်းက ကွင်းထဲအရောက် နည်းပညာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်း ဆောင်ရွက်ရာတွင် ခင်မွန်စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ ဦးအောင်ဆွေဦးက မိတ်ဆွေပိုးနှင့် ဖျက်ပိုးခွဲခြားတက်စေရန် ရှင်းလင်း ဆွေးနွေးခြင်း၊ မလိုအပ်ပဲ ဓာတုဆေးများကို မသုံးစွဲရန်နှင့်  ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း( IPM ) စနစ်များအား ၊ တောင်သူများနှင့် အတူ ပြုလုပ်ခဲ့၍  ပညာပေး ဆွေးနွေးခဲ့‌သည်။

ထို့နောက် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးသီးနှံများ ထုတ်လုပ်နိုင်ရန်အတွက် ဓာတုဓါတ်ကြွင်းမှု့ အန္တရာယ်အကြောင်းကို ဆွေးနွေးခြင်း၊ သဘာဝပိုးသတ်ဆေးရည်၊ အားဆေးရည်၊ မှိုသတ်ဆေး၊ EMဖြင့် ပြုလုပ် သည့်ဘိုကာရှီ နှင့်အမြန်သုံးစူပါဘိုကာရှီပြုလုပ်သုံးစွဲနည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ချောလေး က ပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ကွင်းဆင်း ဆောင်ရွက်ရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ချောလေး၊ ခင်မွန် စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ ဦးအောင်ဆွေဦးနှင့် ကွင်းဆင်းပညာပေးဝန်ထမ်း၊ ခင်မွန် စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ ဆောင်းသီးနှံစိုက်တောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)