ရှမ်းရွာသစ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် RC နှစ်ထပ် ဘော်ဒါဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်  ဒီဇင်ဘာ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဒေသနေပြည်သူများ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေ ကျပ် (၁၃၄.၅၀၅၃၀၀)သန်းဖြင့် အလျား(၇၄) ပေနှင့်အနံ(၃၄)ပေရှိ  (RC) အမျိုးအစား နှစ်ထပ်ဘော်ဒါဆောင်သစ် အဆောက်အဦးကို Performer Myanmar ကုမ္ပဏီမှ စတင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ (RC) အမျိုးအစား နှစ်ထပ်ဘော်ဒါဆောင်သစ်ကို Performer Myanmar ကုမ္ပဏီမှ စီမံကိန်း အင်ဂျင်နီယာ ဒေါ်ဇင်နွယ်အေး၊ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းသူနှင့် လုပ်ငန်းခွင်တာဝန်ခံ ဦးတင်မျိုးအောင် တို့၏ အနီးကပ် ကြီးကြပ်မှု၊ စနစ်တကျ လမ်းညွှန်မှုနှင့်အတူ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျောင်းသား/သူ(၅၀)ဦးခန့် နေထိုင်ရေး အတွက် အဆင်ပြေမည်ဖြစ်ပြီး စနစ်တကျ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)