ဟုမ္မလင်း ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ သဘာဝ ဘေးအန္တရာယ်များမှ တစ်ခုဖြစ်သော မြေငလျင်ဘေး အန္တရာယ်ဘေး ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်စေရေးအတွက် တပ်ဖွဲ့ဝင်များစနစ်တကျကျွမ်းကျင် လျင်မြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မီးတပ်တပ်ဖွဲ့ဝင် (၈)ဦးက ယမန့်နေ့လယ် (၁၂)နာရီက ဟုမ္မလင်း မီးသတ်စခန်းတွင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြေငလျင်ဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ကယ်နိုင်ရန်အတွက် ထိခိုက်ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ရာတွင် လည်းကောင်း၊ ရှေးဦးသူနာပြုကယ်ဆယ်ရန် နည်းလမ်းများအား လည်းကောင်း၊ မီးဘေး၊ ရေဘေး၊ လေဘေး စသည့်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေကျင့်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
လင်းလင်း(ပြန်/ဆက်)