ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်မြေသားလမ်အား ဂဝံခင်းကျင်းနေမှုများအား ကွင်းဆင်း စစ်ဆေး

ခရမ်း ဒီဇင်ဘာ  ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်းအားဂဝံ ခင်းကျင်းနေမှုများကို ယမန်နေ့ နေ့လယ် ၂ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာ မြို့နယ်ဦးစီးမှူးနှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကုန်ထုတ်လမ်းမှာ ခရမ်းမြို့နယ်  ကင်မွန်းခြုံကျေးရွာ၏ ဆက်သွယ်ရေးနှင့်ကုန်ထုတ်လမ်းအား ၂၀၂၀-၂၀၂၁ ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေဖြင့် နန်းမြို့တော် ကုမ္ပဏီမှအရှည်ပေ (၅၀၀၀)အား အကျယ် ၁၂ ပေ ထု ၉ လက်မဖြင့် ဂဝံလမ်းခင်းကျင်းခြင်းနှင့်( ၂၀×၆×၆ ) ပေရှိ Box Culvert ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်း ပြီးစီးပါက ဒေသဆက်သွယ်ရေးနှင့်  ဒေသထွက်ကုန်များအား အချိန်နှင့် တစ်ပြေးညီ ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး ဆက်သွယ်ရေးကောင်းမွန်မှုကြောင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမှာ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဆောင်ရွက်နေမူများကို ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့် ဌာန တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး လမ်းညွှန်မှာကြားပေး ခဲ့ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)