သုံးခွ ဒီဇင်ဘာ ၂၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကိုဗစ် ၀တ်စုံ အစုံ (၅၀)၊ face Shield (၁၀၀)၊ Surcigal mask(၁၀)ဘူး၊ အရက်ပြန်(၆၀) ပုလင်းတို့အား မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်မှ လာရောက် လှူဒါန်းခဲ့ရာမြို့နယ် ကိုဗစ် ကော်မတီ၀င်များ က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူလင်း (ပြန်/ဆက်)