သုံးခွမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် (၁၀)ဧက အကျယ်ရှိ ရေခံမြေသားသောက်သုံးရေကန် တူးဖော်

သုံးခွ ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် နွေရာသီတွင် သောက်သုံးရေပြတ်လပ် အခက်အခဲမရှိစေရန် ရည်ရွယ်၍ အမှတ် (၁)ရပ်ကွက်တွင်(၁၀)ဧက အကျယ်ရှိ မိုးရေခံ မြေသားသောက် သုံးရေ ကန်တစ်ကန်အား စက်ယန္တရားဖြင့် တူးဖော်လျက်ရှိကြောင်း သိရှိရသည်။

သုံးခွမြို့တွင် တူးဖော်လျက်ရှိသော အမှတ် (၁)ရပ်ကွက်ရှိ ရေကန်အပါအဝင် စည်ပင်သာယာအဖွဲ့ပိုင် ရေကန်ပေါင်း(၅၉)ကန်ရှိပြီး ၄င်းထဲတွင်မြို့တွင်း ရေပိုက်လိုင်းဖြင့် ရေပေးဝေရေး ကန်​(၅)ကန်၊ ရေကူ ကန်(၄)ကန်ရှိကြောင်း သိရပြီး သုံးခွမြို့သည် မြေအောက် ရေချိုမရရှိသဖြင့် မြေသားရေကန်များကိုသာ အားကိုးအားထားပြု နေရကြောင်းသိရပြီး အမှတ်(၁)ရပ်ကွက်ရှိ ရေကန်တူးဖော်ပြီးစီးပါက ရပ်ကွက်နေပြည်သူများ သောက်သုံးရေ ပိုမိုရရှိသုံးစွဲနိုင်မည် ဖြစ်သဖြင့် ရပ်ကွက်နေပြည်သူများ ကျေနပ်ဝမ်းသာ နေကြောင်း သိရှိရသည်။

ယမန်နှစ်ကလည်း အမှတ်(၉) ရပ်ကွက်တွင်(၈ )ဧက ရေကန်တစ်ကန်နှင့် အမှတ်(၅)ရပ်ကွက်( ၁၀)ဧက ရေကန်တစ်ကန် ​တူးဖော်ခဲ့ကြောင်း သိရှိရသည်။

စည်သူလင်း (ပြန်/ဆက်)