နတ်မောက် ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ ဟောင်းများ၏(၁၈)ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို အစဉ်အလာမပျက် အိမ်တိုင်ရာ ရောက်သွားရောက် ပူဇော်ကန်တော့ခြင်းအား ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာလအတွင်း အငြိမ်းစား ဆရာကြီး ၊ ဆရာမကြီး( ၁၃၅ )ဦး အတွက် ကျန်းမာရေး အထောက်အကူဖြစ်စေရန် တစ်ဦးလျှင်ငွေကျပ်(၅၀၀၀၀ )နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံပူဇော်ကန့်တော့ခြင်း ၊ ရပ်ဝေးရှိ ဆရာ/ ဆရာမများကို Online မှတစ်ဆင့် ပူဇော်ကန်တော့ သွားမည်ဖြစ်ကြောင်း ကျောင်းသားဟောင်းတစ်ဦးထံမှ သိရသည်။
အ.ထ.က(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၁၈)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲတွင် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး (၁၃၅)ဦး အတွက် ပူဇော် ကန်တော့ငွေစုစုပေါင်း (၆၇၅၀၀၀၀) ကျပ် တိတိရှိပြီး နှစ်စဉ်ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)