မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ် -၁၉ ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများနှင့် Mask များ ဖြန့်ဝေခြင်း ဆောင်ရွက်

မရမ်းကုန်း ဒီဇင်ဘာ ၂၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ် () ရပ်ကွက်ရှိ တပင်ရွှေထီး​လမ်းစျေးတန်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ပြည်သူများ ကိုဗစ်-၁၉ရောဂါမှကာကွယ်နိုင်ရန် အသိပညာပေးခြင်း လုပ်ငန်းများနှင့် Maskများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် ကိုဗစ်-၁၉ ကော်မတီဝင်များမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် တာဝန်ရှိသူများ လိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်မှုတွင် တာဝန်ရှိသူများက စျေးရောင်းသူများနှင့် စျေးဝယ်သူများ အား မမေ့ မလျော့ဖြင့် စနစ်တကျ Mask များ တပ်ဆင်​ကြရန်၊ အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်းလက်ကို မကြာခဏ ဆပ်ပြာနှင့်ဆေးကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမှ ပြောဆိုကြရန်နှင့် ကျန်းမာရေးသတိအမြဲရှိကြရန် စသည်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်ယခုလို ဆောင်ရွက်ခြင်းများအား ​မရမ်းကုန်း မြို့နယ်အတွင်း ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးအောင်( ပြန်/ဆက်)