မြိုင် ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်း ကျေးရွာများဖြစ်သည့် ထန်းဘူးတောကျေးရွာအုပ်စု ကန်ကြီးရိုးကျေးရွာနှင့် ကန်ကြီးကုန်းကျေးရွာများသို့ ယနေ့ နံနက် ၁၀ နာရီအချိန်မှစ၍ တစ်အိမ် တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရခြင်းမှာ မြိုင်မြို့နယ်အတွင်း မီးလောင်မှု မီးလန့်မှုများ မဖြစ်ပွားစေရေး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေ အခန်း(၈)ပုဒ်မ (၁၆) အပိုဒ်ခွဲ (က) အရ ရပ်ကွက်ကျေးရွာနေ ပြည်သူများ လိုက်နာရမည့် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ အား သိရှိလိုက်နာစေရန်နှင့် လိုက်နာမှုမရှိပါက မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဥပဒေ အခန်း(၁၂) ပုဒ်မ (၃၄) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မြို့မမီးသတ်စခန်းမှူး ဦးသက်ဇော်ဟန်က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လှည့်လည်စစ်ဆေးရာတွင် မြို့မမီးသတ်စခန်းမှ အရာရှိ နှင့်တပ်ဖွဲ့ဝင် စုစုပေါင်း ၅ဦး ၊ ကျေးရွာအရံ မီးသတ်တပ်ဖွဲ့ဝင် (၃)ဦး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာခွဲတာဝန်ခံများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း မြိုင်မြို့၊ မြို့မမီးသတ်စခန်း၊စခန်းမှူး ဦးသက်ဇော်ဟန် က ပြောကြား၍ သိရသည်။
မိုးကြီး (မြိုင်)