သဲကုန်းမြို့နယ်တွင်းရှိ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

သဲကုန်း  ဒီဇင်ဘာ ၂၆

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်သည့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ဂွေးကုန်းကျေးရွာ အုပ်စု၊ သီးကုန်းကျေးရွာအပိုင်တွင်ရှိသည့် ၁၀ အိမ်စု အပိုင်မြေသားလမ်းလုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဂွေးကုန်းကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာအပိုင်တွင်ရှိသည့်မြေသား လမ်းလုပ်ငန်းကို ကျေးရွာ လူထုမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ပြီးစီးမှုနှင့် လူထုဗဟိုပြုစီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနေရာများကို ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်ထွန်းနှင့် လူထုဗဟိုပြုစီမံကိန်းတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြပြီး လုပ်ငန်း အကောင်ထည်ဖော်ဆောင်ရွက်ရန် ကျေးရွာကော်မတီ ခေါင်းဆောင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)