ကျိုက်မ​ရောမြို့နယ် အတွင်းရှိ​ နွေရာသီ​ရေမလုံလောက်သည့်​ ကျေးရွာများအား​ ​ရေသွယ်တန်းနိုင်​ရေး ကွင်းဆင်း​ဆောင်ရွက်

ကျိုက်မ​ရော ဒီဇင်ဘာ၂၆

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ​​​ဦးစီးမှူး ဦးပြည့်ဦးကိုကို နှင့် အင်ဂျင်နီယာများပူး​ပေါင်း၍ နွေရာသီတွင် ​ရေမလုံ​လောက်သည့် ဘာဘူကုန်း​ကျေးရွာတွင် ​ရေသွယ်တန်း​ပေးနိုင်​ရေး အတွက်  Survey တိုင်းတာ ခြင်းလုပ်ငန်းများကို ယမန်​နေ့ ​နေ့လယ် ၂ နာရီက  ဘာဘူကုန်း​ကျေးရွာ ရှိ ​ရေရ ရှိနိုင်မည့်နေရာများ သို့ကွင်းဆင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ  ဝန်ထမ်းများသည် ကျုံစိန်​ကျေးရွာအုပ်စု ​ကော့မိန်း ကျေးရွာသို့သွား​ရောက်ကာ ​ ​​ကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတား  တည်​ဆောက် ရေးအတွက် လျာထား​ဆောင်ရွက်ရန် ​​ကျေးရွာ ​ ​​ကော်မတီဝင်များ နှင့်​ တွေ့ဆုံဆွေး​နွေး၍ ကုန်ထုတ်လမ်း  တံတားများ​ ဆောင်ရွက်မည့်​​မြေ​နေရာများကို ကွင်းဆင်းတိုင်းတာ ​ဆောင်ရွက်ခဲ့ကြ ​ကြောင်း သိရသည်။

ချိုချို(ပြန်/ဆက်)