လှိုင်သာယာ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဥပဒေနှင့် အညီစနစ်တကျ ပြန်လည်ရွေးချယ်ရန် တွေ့ဆုံ ညှိနိူင်းအစည်းအဝေး ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ မိမိတို့မြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်သူအား စိစစ်ရွေးချယ်ကြရန်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကြီးကြပ် ရေးအဖွဲ့၊ ရပ်ကွက်/ ကျေးရွာကြီးကြပ်ရေး အဖွဲ့များကို ဖွဲ့စည်း နိုင်ရေး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာရှိရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဥပဒေနှင့် အညီ စနစ်တကျပြန် လည်ရွေးချယ်ရန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံညှိနိူင်း အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ လွှတ်တော် ကိုယ်စားလှယ်များရုံးအဖွဲ့၊ မြို့နယ်အဆင့်ရှိဌာနဆိုင်ရာများ အပါအဝင် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့် အညီဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)