အုတ်ဖို ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီ ၃၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မီးဖိုမီးကြွင်းမီးကျန် မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဝါးတဲအိမ်(၇)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အသက်(၆၄)နှစ် အရွယ် အမျိုးသားတစ်ဦး တင်ပါး၊ ပေါင်နှင့် ခြေသလုံးတို့ မီးအပူလောင် (မစိုးရိမ်ရ)ရရှိခဲ့ရာ မြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက်ရှိကြောင်းနှင့် မီးလောင်ရာသို့ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးသန်းလင်းအောင်နှင့် မြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ကျော်သန်းတို့ အဖွဲ့မှ သွားရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)