ပြည် ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပေါင်းတလည်မြို့တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
We Love Paungdale မှ စီစဉ်မှုဖြင့် ကျင်းပသည့် အဆိုပါ အထိမ်းအမှတ် ပြိုင်ပွဲကို ဇန်နဝါရီ ၄ရက်နေ့ နံနက် ၆ နာရီခွဲအချိန်က စတင်၍ ပေါင်းတလည်မြို့အဝင် ရေဘုတ်ကြီးမှ စတင် တာလွှတ်ပြီး ပေါင်းတလည်ရဲစခန်းရှေ့ ပန်းဝင်အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု အပါအဝင်ဇွဲဆု (၅)တို့ကိုပါ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်အရေအတွက် အကန့်အသတ်ရှိသဖြင့် ကော်မတီသို့ ကြိုတင် စာရင်းပေးသွင်းနိုင်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။
မင်းမင်းစိုး(ပြန်/ဆက်)