ကျောက်ထု ဒီဇင်ဘာ ၂၆
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် ကုသရေး ကျောက်ထုမြို့အဆင့်ကော်မတီ၏ အစီအစဉ် ဖြင့် ကျောက်ထုမြို့ဝင်၊ မြို့ထွက်နေရာများ၌ ဂိတ်များဖွင့်လှစ်၍ မော်တော်ယာဉ်များ၊ ခရီးသွားများအား ကျန်းမာရေးစစ်ဆေးပေးလျက်ရှိကာ လက်သန့်ဆေးရည်များ အသုံးပြုရေး၊ လက်ကို ရေနှင့်ဆပ်ပြာနှင့် စနစ်တကျဆေးကြောရေး၊ ပြင်ပသို့ထွက်ခွါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရေးတို့ကို ပညာပေးဆွေးနွေးလျက်ရှိသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ရှိမြို့မရပ်ကွက်နေ အောင်သုခစတိုးဆိုင်မှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အဆိုပါ ဂိတ်ဖွင့်လှစ်ရာတွင် ဂိတ်တွင်အသုံးပြုရန် လက်သန့်ဆေးရည်များ လှူဒါန်းခြင်းအပြင် ခရီးသွားများအတွက် နှာခေါင်းစည်းများ ၅၀၀ ခုကို အခမဲ့ဖြန့်ဝေ ကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)