ပွင့်ဖြူမြို့နယ် မြကျိုင်းတောင်စေတီတော်မြတ်ကြီးအား လျှပ်စစ်မီးတပ်ဆင်နိုင်ရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ        ဒီဇင်ဘာ          ၂၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာအနီးရှိ မြကျိုင်းတောင်စေတီတော်မြတ်ကြီးအား ၂၄ နာရီ လျှပ်စစ်မီး သွယ်တန်းတပ်ဆင်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆည်တော် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံရပ်မိရပ်ဖများ လိုက်ပါ၍ မြကျိုင်းတောင်စေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး လျှပ်စစ်မီး သွယ်တန်းတပ်ဆင်နိုင်ရေး အတွက် မြေနေရာ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လျှပ်စစ်မီးသွယ်တန်းရန်လုပ်ငန်းများနှင့် ပတ်သက် ပြီး မြို့နယ်လျှပ်စစ် အင်ဂျင် နီယာ ဦးတင့်ဇော်က ခန့်မှန်းကုန်ကျမည့် ငွေပမာဏနှင့် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်အား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြကျိုင်းတောင်စေတီတော် မြတ်ကြီး၏ အကျိုး တော်ဆောင် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော် ၊ သံဃာတော်များထံ သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက မြကျိုင်းတောင်စေတီတော်မြတ်ကြီးမှ ဂေါပက အဖွဲ့ထံ လျှပ်စစ် မီး သွယ်တန်းနိုင်ရန် အတွက် မတည်အလှူငွေကျပ် ၁၃ သိန်းအား ပေးအပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြသည်။   

ရဲဝင်းနိုင် (ညောင်ဦး)