မကွေး ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီးတွင် ယခုလ ၂၅ ရက် ည ၈ နာရီမှ ယနေ့ ည ၈ နာရီအထိ အချိန် ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာသစ် (၆၀)ဦး ထပ်တိုးတွေ့ရှိခဲ့တာဖြစ်ပြီး တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း (၂၄၃၆) ဦးထိ ရှိပြီဖြစ် ကြောင်း မကွေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရသိရသည်။
တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေရှိသလို ခုတစ်ရက် နှစ်ရက် အတွင်း ပိုးတွေ့ရှိမှုက အနည်းငယ် လျော့နည်းပေမယ့်လည်း ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာနဲ့ ထိတွေ့မှု ရှိတာတွေကြောင့် ရောဂါပိုး တွေ့ရှိမှုက ရှိနေဆဲပါ၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ တွေရှိခဲ့တဲ့ လူနာတွေက NHL စစ်ဆေးမှု အရ(၄၉) ဦးနဲ့ RDT စစ်ဆေးမှု (၁၁)ဦး စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ(၆၀)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ ပိုးတွေ့ လူနာတွေက စလင်းက (၁၅)ဦး၊ မကွေးက(၉)ဦး၊ ဆင်ပေါင်ဝဲ (၇)ဦး၊ အောင်လံက (၅)ဦး၊ ပခုက္ကူနဲ့ မြိုင်က(၄)ဦးစီ၊ ပွင့်ဖြူက(၃)ဦး၊ နတ်မောက်၊ ချောက်၊ မြို့သစ်၊ သရက်နဲ့ ဂန့်ဂေါက (၂)ဦးစီနဲ့ ပွင့်ဖြူ၊ မင်းလှနဲ့ မင်းဘူးက (၁)ဦးစီ တို့ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက စလင်းက (၁၃)ဦး၊ အောင်လံက(၃)ဦး၊ ဆင်ပေါင်ဝဲက (၃)ဦး၊ မကွေးက(၆) ဦး၊ မြိုင်က(၃)ဦးနဲ့ ဂန့်ဂေါ(၁)ဦး တို့က ပိုးတွေ့ အတည်ပြု လူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေပါ၊ အောင်လံ(၁)ဦးနဲ့ မကွေး(၁)ဦးတို့က အနံ့ပျောက် လက္ခဏာပြသူတွေဖြစ်ပြီး ကျန်သူတွေ ကတော့ ရန်ကုန်ပြန်၊ မန္တလေးပြန်၊ တောင်ကြီးပြန် (Quarantine Centre) တွေက ဖြစ်ပါတယ်၊ ဒီကနေ့ ညပိုင်းအချိန်အထိ တိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၂၄၃၆)ဦး ရှိပြီဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။
လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ယမန်နေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည် ပြုလူနာ စုစုပေါင်း (၂၄၃၆)ဦး ထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ (၄၀၀)နီးပါးနှင့် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံ ဆင်းခွင့် ရရှိသူ (၂၀၀၀)ကျော်ရှိကာ သေဆုံးသူကတော့(၅)ဦးရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)