စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက်တွင် နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား

စေတုတ္တရာ    ဒီဇင်ဘာ        ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက်တွင် ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက် အပါ အဝင် မီးသတ်တပ်ဖွဲ့ဝင် (၁၇)ဦးမှ ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စစ်ယာဉ် (၁)စီးနှင့် မီးငြှိမ်းသတ်ယာဉ်( ၂)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ စိတ်ကျန်းမာရေး မကောင်းသူတစ်ဦးက မိမိနေအိမ်အား မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် နေအိမ်(၁)လုံး ပျက်ဆီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။ မီးလောင်မှု နှင့် ပတ်သက်၍ စေတုတ္တရာမြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)