ရှမ်းရွာသစ် ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ကို ဒီဇင်ဘာလ(၁၇)ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခု အချိန်တွင် (၃၀)ရာခိုင်နှုန်း ပြီးစီး ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ ကျပ်(၂၂၀)သိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အရှည်(၁၂၅)ပေ၊ အကျယ်(၁၂) ပေ၊ ထု (၆)လက်မရှိပြီး စီမံကိန်း တာဝန်ရှိသူများတို့၏ စနစ် တကျ လမ်းညွှန်မှုနှင့် ကျေးရွာပြည်သူ လူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်း လုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက် လာမည် ဖြစ် ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)