ကျောက်တန်းမြို့နယ်ရှိ ကျေးရွာများတွင် ကျေးရွာသန့်ရှင်းသာယာရေး စုပေါင်းအမှိုက်သိမ်းခြင်းနှင့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်

ကျောက်တန်း ဒီဇင်ဘာ ၂၇

ကျေးလက်နေ ပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများ လျှော့ချနိုင် စေရန် ရည်ရွယ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ကျေးရွာများတွင် အမှိုက် ကင်းစင်ရေး ပရဟိတအသင်းများမှ ဦးဆောင်၍ ယနေ့နံနက် နာရီမှ စတင်ကာ ကျေးရွာအတွင်း လိုက်လံပြီး စုပေါင်း အမှိုက်သိမ်းခြင်းနှင့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကရင်ချောင်ကျေးရွာ မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင်ရေး အသင်းသူ၊ အသင်သားများနှင့် ပြည်သူများက ကျေးရွာ အတွင်း လမ်းများတလျှောက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် အမှိုက်သိမ်းခြင်းများ ဆောင်ရွက် ခဲ့ကြပြီး အမှိုက်ကောက် ပြည်သူ များအား စေတနာ ရှင်များက အာဟာရဒါနများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ကျေးရွာသန့်ရှင်းသာယာလှပရေး၊ ကျေးလက်နေ ပြည်သူများ ပလပ်စတစ်သုံးစွဲမှု လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် မြေဆီလွှာတွေ ထိခိုက် ပျက်စီးမှု လျော့ပါးစေရေးနှင့် အများအကျိုးကို သယ်ပိုးဆောင်ရွက် တတ်သော ပရဟိတစိတ်များ ဖြစ်တည်လာစေရန်နှင့် စုပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ရရှိလာအောင် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်၊ ရပ်ရွာပြည်သူတွေကလည်း တက်ကြွစွာ ပူးပေါင်း ပါဝင်ကြတော့ ကျွန်တော်တို့ ရပ်ရွာအတွက် ဂုဏ်ယူသလို ပီတိလည်းဖြစ်ရပါတယ်၊ ဒီတပတ်ကတော့  (၆၂) ကြိမ် မြောက် ဆောင်ရွက် ခြင်းဖြစ် ပါတယ်ဟု မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင်ရေးအသင်းသား တစ်ဦးက ပြောကြား သည်။

ထို့အတူ ဇွဲကနာကျေးရွာတွင် ဇွဲရတနာ သန့်ရှင်းရေးအသင်းနှင့် ကန်ပြောင်ကျေးရွာတွင် မျိုးဆက်သစ် လူငယ်သန့်ရှင်းရေး ပရဟိတအဖွဲ့ တို့မှလည်း ကျေးရွာသန့်ရှင်းသာယာရေး၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး အတွက် စုပေါင်း အမှိုက်/အမှိုက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ ကြပြီး ရရှိလာသည့် အမှိုက်များအား တွန်းလှည်းများနှင့် သယ်ယူကာ အမှိုက်မီးရှို့စက်တွင် မီးရှို့ခဲ့ကြကြောင်း သိရသည်။

ခင်ဆွေဝင်း (ကျောက်တန်း)