မြဝတီ ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးသရုပ်ပြပွဲ အခမ်း အနားကို အမှတ်(၃) ရပ်ကွက် ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းက အဖွင့်အမှာစကား ပြောကြားပြီး မြဝတီခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးမင်းဇော်က မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးမင်းဇော်နှင့် တပ်ဖွဲ့ဝင်(၈)ဦးတို့က မီးသတ်ဆေးဘူးများကို ပြည်သူများ နည်းစနစ်မှန်ကန်စွာ အသုံးပြုနိုင်စေရေးအတွက် မီးသတ်ဆေးဘူး အသုံးပြုပုံ၊ ကိုင်တွယ်ရမည့် နည်းလမ်းများနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ပုံများကိုလည်း လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်