သုံးခွမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်း Mask များလှူဒါန်း

သုံးခွ ဒီဇင်ဘာ ၂၇

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့် ကော်မတီ၏ အစီအစဉ်ဖြင့် သုံးခွမြို့ဝင်/မြို့ထွက် နေရာများ၌ ဂိတ်များဖွင့်လှစ်၍ မော်တော်ယာဉ်များ၊ ခရီးသွားများအား ကျန်းမာရေး စစ်ဆေးပေး လျက် ရှိကာ လက်သန့်ဆေးရည်များ အသုံးပြုရေး၊ လက်ကို ရေနှင့်ဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရေး၊ ပြင်ပသို့ထွက်ခွါတိုင်း နှာခေါင်းစည်း များ တပ်ဆင်ရေး အသိပညာ‌ပေးခြင်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် အသုံးပြုနိုင်ရန် လက်သန့်ဆေးရည်များနှင့် Mask များ လှူဒါန်းခဲ့ရာ အမှတ်(၈) ရပ်ကွက်၊ မြို့အ၀င်ထိပ်နှင့် ပုလဲကျေးရွာ၊ လက်ပန်နန်းခလဲ‌ ကျေးရွား၊ စံပါယ်ချောင်ကျေးရွာ၊ ဇွဲ‌ထော်ကျေးရွာ အစရှိသည့် စစ်ဆေးရေးဂိတ်များအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ယင်းသို့‌ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ ဒု-ဦးစီးမှူး ဦးဟန်ဖြိုးဇော်၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ဝတ်ရည်လှိုင်တို့က နှာခေါင်းစည်း Mask များအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ‌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)