ထီးလင်း ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ အမှတ်(၂)ရပ်ကွက် အနောက်ဘက်လမ်းတွင် သွားလာမှု အဆင်ပြေ လွယ်ကူစေရေးအတွက် Box Culvert (၃)စင်းနှင့် ရေပြွန်(၆)ခု ပြုလုပ်လျက်ရှိရာ ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းတွင် ထီးလင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့က ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၆၀)ဖြင့် Box Culvert (၃)စင်းကို လည်းကောင်း၊ ငွေကျပ်(၁၈)သိန်းဖြင့် ရေပြွန်(၆)ခုကို လည်းကောင်း အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းလမ်းမှာ ထီးလင်းမြို့နှင့် အနောက်ဘက် ကျေးရွာ ဆက်သွယ်သွားလာရာ၌ အဓိက အသုံးပြုသည့် လမ်းဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)