ကျောက်ထု ဒီဇင်ဘာ ၂၇
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မကွေးတိုင်ဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့အဝင် ဂိတ်နေရာတွင် ယာဉ်မောင်းသူများနှင့် ခရီးသွားပြည်သူများ ပါးစပ်နှင့် နှာခေါင်းစည်း mask များ တပ်ဆင်အသုံးပြုကြရန်နှင့် ခရီးသွား လုံခြုံမှု အတွက် ထောက်ခံချက်များ ပါရှိခြင်းရှိ/မရှိ ကို ယနေ့ နံနက်(၈)နာရီက တာဝန်ရှိသူများ စောင့်ကြပ်ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ကြရာတွင် ကျောက်ထုမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ ဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် ပူးပေါင်းကာ mask မပါသော ခရီးသည်များအား အခမဲ့ပေးပြီး အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ကြရေး ပညာပေး ဆွေးနွေး ကြသည်။
မောဟေမာန်(ပြန်/ဆက်)