ပေါင် ဒီဇင်ဘာ ၂၈
ပေါင်မြို့နယ် ၊ မုတ္တမကျေးရွာ၊ ပုသိမ်ကွင်းရပ်ကွက်၊ အမှတ်၂၀နယ်မြေတွင် နေအိမ်တစ်လုံး၌ ဒီဇင်ဘာလ ၂၇ ရက်၊ ည ၇:၄၀ အချိန်ခန့်က ထင်းမီးဖိုဖြင့် နွေးအိုးတည်ရာမှအနီးရှိထရံအား မီးကူးစက်ကာ နေအိမ် ၄ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပုသိမ်ကွင်းရပ်၊ အမှတ်(၂၀) နယ်မြေနေ ဒေါ်ချိုချိုခိုင်၏ နေအိမ်တွင် ရေနွေးအိုးတည်ရာမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သထုံခရိုင်မီးသတ်စခန်း၊ ပေါင်မြို့နယ်မီးသတ်စခန်း၊ မုတ္တမနယ်မြေမီးသတ်စခန်း၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းများတို့မှ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယဉ်များတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်၍ မီးငြှိမ်းသတ်ခဲ့ရာ အဆိုပါည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိဘဲ လူနေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး စုစုပေါင်းဆုံးရှုံးမှု တန်ဖိုး ငွေကျပ်၂၅ သိန်းခန့်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ တွက်ချက်မှုအရ သိရသည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သတ်၍ မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်ချိုချိုခိုင်အား မုတ္တမနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဝင်းမင်းသန်း(ပြန်/ဆက်)