လှိုင်းဘွဲ ဒီဇင်ဘာ ၂၈
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း) တွင် ပတကျေးရွာအုပ်စု နောင်ဒရဲကျေးရွာ စာသင်ကျောင်းဆောင်ခြံစည်းရိုး (အရှည် ၅၈၀ပေ x အမြင့် ၅ပေ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှထောက်ပံ့ငွေ ၇,၃၀၀,၀၀၀ကျပ်ဖြင့် စတင်အကောင်ထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းခြံစည်းရိုးကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး စောစန်းမြင့်၊ လူထုစည်းရုံးရေးမှူး စောမျိုးသက်နိုင်ဦးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၁၀၀% ပြီးစီးပါက နောင်ဒရဲကျေးရွာမှ အိမ်ထောင်စု(၄၉)စု လူဦးရေ (၂၆၄)ဦးတို့၏ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူ (၄၀)ဦး တို့ကို လုံခြုံစိတ်ချစွာ ပညာသင်ကြားပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)