လိပ်သိုမြို့တွင် မြို့ပေါ် ရပ်ကွက်များအား ကွက်ကျဲ၊ ကွက်စိပ်မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်

လိပ်သို  ဒီဇင်ဘာ 

ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၏ လမ်းညွှန်မှု နှင့် ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး၏ တာ၀န် ပေးချက်အရ လိပ်သိုမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဇော်မိုးနိုင် ဦးဆောင်သော မြို့မြေတိုင်းတာရေး အဖွဲ့များသည် လိပ်သိုမြို့ပေါ်ရှိ () ရပ်ကွက်တွင် ကွက်ကျဲ၊ ကွက်စိပ် မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြေတိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် မြို့မြေတိုင်းတာရေးအဖွဲ့များသည် မြို့ပေါ် ရပ်ကွက် အတွင်းရှိ အိမ်ခြံမြေများ၏ ခြံစည်းရိုး နယ်နမိတ်များအား  ပိုင်ရှင်များကိုယ်တိုင် လိုက်လံပြသပြီး ကွက်စိပ်၊ ကွက်ကျဲ တိုင်းတာမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ မြို့ပေါ်ရပ်ကွက်များအား ကွက်စိပ်၊ ကွက်ကျဲ မြေတိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အမှတ် (၁) ရပ်ကွက်တွင် အကွက်ပေါင်း (၃) ကွက်၊ မြေဧရိယာ (၈၅) ဧက၊ အမှတ် (၂) ရပ်ကွက်တွင် အကွက်ပေါင်း (၄) ကွက်၊ မြေဧရိယာ (၁၀၇) ဧက၊ အမှတ် (၃) ရပ်ကွက်တွင် အကွက်ပေါင်း (၁) ကွက်၊ မြေဧရိယာ (၃၉) ဧက၊ အမှတ် (၄) ရပ်ကွက်တွင် အကွက်ပေါင်း (၄) ကွက်၊ မြေဧရိယာ (၉၆) ဧက၊ အမှတ် (၅) ရပ်ကွက်တွင် အကွက်ပေါင်း (၅) ကွက်၊ မြေဧရိယာ (၁၇၉) ဧက နှင့် အမှတ် (၆) ရပ်ကွက်တွင် အကွက်ပေါင်း (၄) ကွက်၊ မြေဧရိယာ (၁၃၄) ဧက ရှိပြီး ဧက စုစုပေါင်း (၂၁) ကွက်၊ မြေဧရိယာ (၆၄၀) ဧကအား ၆၄ လက်မ ၁ မိုင် စကေးဖြင့် တိုင်းတာခဲ့ကြောင်း သိရသည်။

မြေတိုင်းတာခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်  ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းတာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လိပ်သိုမြို့ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှူး ဦးဇော်မိုးနိုင် ထံမှ သိရပါသည်။

နွယ်နွယ်ခိုင်