ဒဂုံမြို့သစ်(​အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် အမှတ်(၂)စျေး၌ Mask Campaign ဆောင်ရွက်နေမှု အခြေအနေများအား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် လိုက်လံ ကြည့်ရှု

ဒဂုံမြို့သစ်(အရှေ့ပိုင်းဒီဇင်ဘာ ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက် အမှတ်(၂)စျေး၌ ရန်ကုန်တိုင်း​​ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော အဖွဲ့ဝင်များနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါ စျေးအတွင်းရှိ လမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင်လာခြင်း မရှိသူများ၊ Mask များအား ရောဂါပိုး အဓိကကာကွယ်ရမည့် နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင် ချိတ်သူများအား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask ကို စနစ်တကျ တပ်ဆင်ရေးအတွက် အသိပညာပေး ပြောကြား ပြီး ပြည်သူများအား နှာခေါင်းစည်း (Mask) များ၊ Face shield များ၊ လက်သန့်ဆေးရည်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် Mask Campaign ဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေကျော်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်း၊ စည်ပင် သာယာ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ စျေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ လိုက်ပါ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)