မြဝတီ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ရုံးအဆောက် အဦ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ သောင်ရင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ် ပေးသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ ရာ မြို့မိမြို့ဖ ဦးစိန်သောင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် ဦးအိုက်ကျန်ခမ်း၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် ဌာနဆိုင်ရာများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရုံးသစ်ကမ္ပည်းမော်ကွန်း ကိုလည်း အမွှေးနံ့သာများဖြင့် ပက်ဖြန်း ပေးခဲ့ကြသည်။
အဆိုပါ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံးအဆောက်အဦသစ်ကို ၃-၃-၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးရေးမှူး ဦး တေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို တို့က ပန္နက်တင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေကျပ် ၃၈၇.၁ သန်းကျော်ဖြင့် Million Effect Co.,ltd ကုမ္ပဏီမှ တာဝန်ယူဆောက် လုပ်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်