အုတ်ဖို ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်တွင် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက လူနေအိမ်များ၊ ဂိုထောင်များနှင့် စျေးဆိုင်များအား မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးမှုများ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းရေး အတွက် တစ်အိမ်တက်ဆင်း လိုက်လံကာ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လမ်းဘေးဓာတ်တိုင်များတွင် အရေးပေါ် ဖုန်းနံပါတ်များ ကပ်ထားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး နေအိမ်ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ ချုံနွယ်များ ရှင်းလင်းထားရန်နှင့် မီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများထားရှိဆောင်ရွက်ပေးကြရန် မှာကြားခဲ့ ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)