ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ (၃)ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံ မှဆင်းခွင့်ရ

ပေါက်ခေါင်း    ဒီဇင်ဘာ   ၂၈

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်ရှိ Facility Quarantine Centreများတွင် ကန့်သတ်ထားရှိသော ပြည်တွင်းနှင့်ပြည်ပ ပြန် (၃၇)ဦး၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာများကို ပေါက်ခေါင်းမြို့နယ်ကျန်းမာရေးဦးစီးဌာ Swab Team အဖွဲ့က ဒီဇင်ဘာ ၂၅ ရက်နေ့က ယူဆောင်၍ ဆေးသုတေသနဦးစီးဌာန ဓာတ်ခွဲခန်း(ရန်ကုန်) သို့ပေးပို့၍ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးရာ (၂)ဦးတွင် ကိုဗစ်-၁၉ positive အဖြေထွက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦးမှာ တခြားအရပ်ဒေသမှပြန်လာပြီး  သတ်မှတ်နေရာများတွင် Quarantine ဝင်ရောက်နေသူ များ ဖြစ်ပြီး၊ ပေါက်ခေါင်းမြို့နယ်ညောင်ပင်အင်းကျေးရွာမှအမျိုးသမီးတစ်ဦး၊ အ‌ေနာက်ကြို့ကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦး တို့ဖြစ်ပြီး ပေါက်ခေါင်းမြို့ပြည်သူ့ဆေးရုံ သီးခြား ဆေးကုသဆောင်တွင် ယမန်‌နေ့ညပိုင်းက စတင်၍ ဆေးကုသမှုဆောင်ရွက် ပေးလျက် ရှိကြောင်းနှင့်ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြည်သူ့ဆေးရုံသီးခြားကုသဆောင်မှ အတည်ပြုလူနာ(၃)ဦးမှာ ကျန်းမာရေး ကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်မြောက်သဖြင့် ဆေးရုံမှဆင်းခွင့်ပြု ခဲ့ကြောင်းသိရသည်။

ယခုလက်ရှိ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦးသာ ကျန်ရှိတော့ ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)