ကမာရွတ် ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူ များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကမာရွတ် မြို့နယ် အတွင်းရှိ ဈေးများ၌ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Mask Campaign ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ကုသရေး အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ပြည်သူများအား mask တပ်ဆင်ရေး အသိပညာပေး၍ ဟံသာဝတီ အခွန်လွတ် ဈေးအတွင်း ဈေးသည်/ဈေးဝယ်များနှင့် ခရီးသွားပြည်သူ များအား နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရန်နှင့် နှာခေါင်းစည်း မတပ်ဆင်သူများကို သတိပေးခြင်း၊ ပညာပေးဆွေးနွေး၍ ပြည်သူများအားလုံး ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အတူတကွ ပူးပေါင်းပါဝင်စေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Mask Campaign တွင် Mask (၅၀) ပါသော Mask (၂၅)ဘူးအား ခရီးသွားပြည်သူများသို့ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်မှုအနေဖြင့် အခမဲ့ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)